အမျိုးကောင်းသားဘလော့အားဝင်ရောက်ကြည့်ရှု့သူများအားကြိုဆိုပါ၏


Extended Network Banners

Saturday, November 17, 2007

လူနှင့်စိတ်

လူတိုင်းစိတ်ဓါတ်မကောင်းနိုင်ပါ။စိတ်ဓါတ်ကောင်းသူတိုင်းလည်း အရာအရာမလိုက်ရောတတ်ကြပါ။လူတိုင်းမှာ ညှာတာသနားစိတ်ရှိနိုင်ပါတယ်သို့သော်အချိန်အခါနှင့်ကာလဒေသပေါ်တွင်မူတည်ပါသည်။လူနှင့်စိတ်သူ အမြဲပူးတွဲ တည်ရှိနေသဖြင့်စိတ်မရှိသောလူသည်အသက်မရှိသောသူနှင့် ဘာနှင့်မျှမခြားပါ။ ထို့ကြောင့် လူနှင့် စိတ် တစ်ထပ်တည်းကျစေရန်လေ့ကျင့်ယူရမည်ဖြစ်ပါသည်။စိတ်နှင့် လူတစ်ထပ်တည်း ကျဖို့ရာအဓိက အချက် သည်အရာရာတွင် အာရုံစူးစိုက်တတ်ရန် လိုပေသည်။ မိတ်ဆွေတို့ စိတ်ကို ပုံမှန်အလေ့အကျင့်လုပ်သွားနိုင်ပါ က အလေ့အထအဖြစ်သို့ရောက်ရှိလာနိုင်ပါသည်။ ပုထုဇဉ်များဖြစ်သောကြောင့် စိတ်ကိုအရာရာတိုင်းတွင် မထိန်းချုပ်နိုင်ပါ။ စိတ်သည်ထိန်းချုပ်တိုင်းလဲကောင်းသည့်အရာမဟုတ်ပါ။ လွှတ်တန်လွှတ်ပြီး၊ မကောင်းမှုဟု သိသည့်အရာမျိုးတွင် အတတ်နိုင်ဆုံးထိန်းချုပ်ရန်သာလိုပါသည်။ ဒါကြောင့် မိတ်ဆွေတို့၏ စိတ်ကို ဒီဘလော့ ကိုဖတ်ရှု့ပြီးချိန်မှစပြီး “လူနှင့်စိတ်” ကွဲပြားစွာလေ့ကျင့်ကြပါစေ။ မိတ်တွေတို့ အကျိုးများစွာခံစားလာပါလိမ့် မည်........ဘလော့ရေးသူ၏ ကိုယ့်တွေ့ဖြစ်သောကြောင့် အဓိကထည့်ပြောရခြင်းဖြစ်ပါသည်။