အမျိုးကောင်းသားဘလော့အားဝင်ရောက်ကြည့်ရှု့သူများအားကြိုဆိုပါ၏


Extended Network Banners

Saturday, December 1, 2007

ကျွန်တော်အကြောင်း တစ်စိပ်တစ်ဒေသ

ကျွန်တော်ဟာစာရေးဖို့အချိန်အလွန်နည်းလောက်အောင် မိသားစုတာဝန်၊လူမူရေးတာဝန်နှင့်တာဝန်များ စွာယူနေရတဲ့အချိန်ဖြစ်ပါတယ်။ ဒီနေ့ဟာကျွန်တော်တို့အလုပ်ပါးတဲ့ နေတနေ့လို့ဘဲ ဆိုရမှာပေါ့ဗျာ၊ ကျွန်တော်ဒီနေ့ဘလော့ရေးဖြစ်တယ်လေ။ ကျွန်တော် blogကို လာရောက် ၀င်ကြည့်ပေးကြတဲ့ မိတ်ဆွေ တွေကို အထူးပဲကျေးဇူးတင်ပါတယ်။ ကျွန်တော်ရဲ့ လိုအပ်ချက်လေးတွေကို တွေ့ရင်လည်း ၀ိုင်းပြီး သင်ပေးကြ စေချင်ပါတယ်။ ကျွန်တော်ဟာ ဒီအချိန်မှာ ဖြစ်ချင်တာတွေ ရည်ရွယ်ချက် တွေရှိပေမဲ့ အရာ အရာကို အစွမ်း ကုန်ကြိုးစားနေရတဲ့အချိန်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေဟာသူများတွေနဲ့မတူတဲ့အချက် ကတော့သူတပါးအပေါ်မှာ ကြင်နာသနားတက်ခြင်း၊ စာနာတတ်ချင်း တွေရှိတဲ့ လူမျိုးတွေ ဖြစ်သည့် နှင့် အညီ အရာရာမှာ စဉ်းစားချင့်ချိန်နေတဲ့အပိုင်းတွေအလွန်များကြပါတယ်။ ဒါကြောင့်လည်းအရာအရာမှာသူများ လူမျိုး တွေထက် နောက်ကျကျန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။