အမျိုးကောင်းသားဘလော့အားဝင်ရောက်ကြည့်ရှု့သူများအားကြိုဆိုပါ၏


Extended Network Banners

Sunday, July 13, 2008

နှလုံးသားကိုဆူးခတ်ထားသော်...


လူရယ်လို့ဖြစ်လာသော် ချစ်ခြင်း၊ ကြိုက်ခြင်း၊ နှစ်သက်ခြင်း၊ တပ်မက်ခြင်း၊ မြတ်နိုးခြင်းစသော အာရုံငါးပါးကို မလွှဲမသွေ အရွယ်သုံးပါးစလုံးခံစားကြရပေမည်။
အရွယ်ရောက်ပြီးသော ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ မိမိတို့ ချစ်ခင် နှစ်သက်သောသူကို ချစ်ခင်နှစ်သက်သည့် အပြောအဆို၊ အမူအယာ၊ အရေးသားများနှင့် ထုတ်ဖော်တတ်ရပေမည်။ ထို့မှသာ သင်တို့၏ နှလုံးသားရေးရာ တွင်ချစ်ခင်၊ ကြိုက်၊ မုန်းစသည့် ဝေဒနာများကို မခံစားကြရမည်ဖြစ်ပေသည်။ မိတ်ဆွေတို့သည် နှလုံးသားရေးရာတွင် နှလုံးသားကို ဆူးနှင့် ခတ်ထားသကဲ့သို့ နေရာတကာတွင် ထိန်းချုပ်ထားပါက တစ်ဖက်ပါပုံကဲ့သို့ပင် မိတ်ဆွေတို့ နှလုံးသားဝေဒနာကို ကောင်းစွာခံစားကြရပေမည်။ ထိုသို့သော အခြင်းအရာကို မိတ်ဆွေတို့ ကျော်လွှားနိုင်ကြပါစေ...............ဒါမှသာလူလောကအလယ်တွင် လူဖြစ်ရကျိုးနပ် တော့ပေမည်။ လောကအလယ်ရှိ အပျိုကြီး၊ လူပျိုကြီးများသည် နှလုံးသားကို ဆူးခတ် ခြင်းခံထားရသူများဖြစ်သောကြောင့်.......အများအားဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်ခြင်း၊ ယင်းတို့ပြောဆိုသည့် စကားများသည် ဘုကျခြင်းများဖြစ်နေတတ်ကြသည်။ မိတ်ဆွေတို့တွေ့ဖူးကောင်းတွေ့ဖူးကြပေမည်။ ယင်းသို့မဖြစ်အောင် မိတ်ဆွေတို့ ပွင့်လင်းစွာ ရင်ဖွင့်ပြောဆိုခြင်းဖြစ် မိတ်ဆွေတို့၏ နှလုံးသားရေးရာများတွင် အောင်မြင်ကြပါစေ...........

No comments: