အမျိုးကောင်းသားဘလော့အားဝင်ရောက်ကြည့်ရှု့သူများအားကြိုဆိုပါ၏


Extended Network Banners

Friday, July 11, 2008

မွေးရပ်သို့အလွမ်း


ကျွန်တော်အလုပ်တွေ နံနက် (4)နာရီမှာအကုန်ပျက်သွားတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော် အိမ်ပြန်ချင်တဲ့စိတ်နဲ့ဒီစာလေးကိုရေးဖြစ်တာပါ။ ကျွန်တော် မွေးတဲ့ဌာ နေလူအများသိတဲ့ Roongonပါလူအနည်းသိတဲ့ Rangon ပေါ့ဗျာ၊ လူတိုင်း ဘယ်နေရာ၊ ဘယ်ဒေသ၊ဘယ်တိုင်းပြည်ကြီးကို ရောက်စေကာမူ ကိုယ်မွေး ရပ်ဌာနေအရပ်ကိုလွမ်းဆွတ်ကြစမြဲမို့ကျွန်တော်လဲကျွန်တော်မွေးရပ်ကို လွမ်းပါတယ်။ ကျွန်တော်လို ခဏတာ မွေးရပ်ကို ခွဲခွာပြီး အလုပ်လုပ်ကိုင်ရတဲ့သူတောင် မွေးရပ်ကို လွမ်းတယ် ဆိုရင် ရေ မြေ ရပ်ခြားကကျွန်တော်သူငယ်ချင်းများ၊ ရပ်ဝေးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆွေမျိုး မိတ်သင်္ဂဟ အပေါင်းအသင်း၊ သူငယ်ချင်း၊ မိတ်ဆွေများ အဖို့ဘယ်လိုခံစားကြရမယ် ဆိုတာ ကျွန်တော် နားလည်ပါတယ်။ဒီလိုခံစားရတယ်အချိန်မှာလူတိုင်းရင်ဖွင့် ချင်ကြမှာအဲဒီလိုအချိန်မှာ ကျွန်တော်လို ရင်ဖွင့် လိုက်ကြပေါ့ဗျာ။လူတိုင်းမှာခံစားချက်ကိုယ်စီရှိကြမှာပါ။သို့သော် အကြောင်းအမျိုးမျိုးကြောင့် မိမိခံစားချက်ကို မထုတ်ဖော်နိုင်ကြပါဘူး၊ ခံစားချက်တွေကို ထုတ်ဖော်ချင် ကြတယ်၊ မိမိစိတ်အစဉ်မှာဖြစ်ပေါ် နေတဲ့ ခံစားမှု မျိုးစုံတို့ကို ကျွန်တော်လို့ထုတ်ဖော်လိုက်မယ်ဆို ကျွန်တော်ဘလော့ကို ၀င်ကြည့်ရှုတဲ့မိတ်ဆွေတို့ရဲ့ ခံစားချက်တွေ သက်သာလာပါလိမ့်မယ်။ ဒါကျွန်တော် ကိုယ်တွေ့ပါ။ လူတစ်ယောက်နဲ့ တစ်ယောက်တူချင်မှ တူနိုင်မယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါကြောင့် ဒီလိုရင်ဖွင့်နည်းနဲ့စမ်းကြည့်ကြပါစို့...........အခုလိုရေးပြီးတဲ့ အခါမှာ သင်နေသာထိုင်သာရှိသွားမယ်လို့ ထင်ပါတယ်......

လူတစ်ယောက်၏ရပ်တည်မှု



လူတိုင်းဟာ မိမိတို့ပါဘ၀မှာ ကောင်းမွန်တဲ့ ရည်မှန်းချက် ပန်းတိုင် ဆိုတာရှိကြစမြဲပါ၊ဒါပေမဲ့အလုပ်လုပ်ကိုင်နေ တဲ့ပေါ်မှာ အားထည့်တဲ့ အချက်လေးတွေ၊ အာရုံစူးစိုက်မှုလေးတွေ၊ စောက်ချလုပ်ကိုင်ခြင်း စတဲ့အချက်တွေပေါ် မှာမူတည်ပြီး နှစ်ကာလကြာလာသည်နှင့်အမျှ ရပ်တည်မှုတွေ ကွာခြားလာကြပါတယ်။ အချိန်တွေကို အလား ကားနေရင်းဖြုန်းနေမယ်ဆိုရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး၊ အချိန်ရှိခိုက်လုံးလစိုက်ဆိုတဲ့ စကားဟာ အလကားနေရင်းဖြစ်လာတဲ့စကားမဟုတ်ပါဘူး၊ အချိန်ရှိတဲ့အခိုက်၊ အရွယ်ရှိတဲ့အခိုက်၊ လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်မှာ အပြင်းအထန်ကြိုးစားမှသာလျှင် လူတစ်ယောက်ရဲ့ရပ်တည်မှုဟာ ဘ၀တစ်လျှောက်မှာကောင်းမွန် လာမှာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ရပ်တည်မှု ဆိုတဲ့ ကျွန်တော် ဘလော့ကို မိတ်ဆွေတို့ ဖတ်ပြီးတဲ့အခါမှာ ငါကတော့ငါဘ၀ကို ဘယ်လိုရပ်တည်နေလဲဆိုတာ သတိထားမိမယ်လို့ထင်မိပါတယ်။ အဲ့ဒီအချိန်မှာ စတင်ပြီး ပြုပြင်ရင် အရာရာမှာကြိုးစားရင် မအောင်မြင်ဘူးဆိုတာမရှိနိုင်ပါဘူး၊ ကြိုးစားမှုရဲ့ရလာဒ် တစ်စိပ်တစ်ဒေသ ကိုတော့ခံစားရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော့အားလို့အလကားလျှောက်ရေးနေတာမဟုတ်ပါ ဘူး။ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေကို အခြေခံပြီးရေးနေတာပါ။ ကျွန်တော်ရေးတဲ့စာတွေထဲမှာ အမှားပါ ကောင်းပါပါလိမ့်မယ် အချိန်ရမယ်ဆိုရင် မိတ်ဆွေ ဝေဖန်ခဲ့ပါ။ ဒါမှသာကျွန်တော်လည်း ပြင်နိုင်မှာပေါ့။ သင်စရာရှိလည်းသင်ပေးခဲ့ပါ။ ကျွန်တော်မည်ထံတွင်မဆို တပည့်ခံဖို့ ၀န်မလေးတတ်ပါ။ ကျွန်တော်ရေးချင် တာတွေအများကြီးပါ အချိန်ရတိုင်းကျွန်တော်ရေးနေအုံးမှာပါ။ လူတွေ၊ ငါ သူ တစ်ပါး ယောက်ျား မိန်းမ အားလုံး ပေါ့ဗျာ၊ ကြာလာသည်နှင့် အမျှ ဒေါသ၊ မောဟ၊ လောဘ၊ အမိုက်အမှာင်တို့ ဒီဘက်ခေတ်နောက်ပိုင်းမှာ ပိုများ လာတယ်လို့ကျွန်တော်ထင်တယ်ဗျာ၊ မိတ်ဆွေတို့ကောမထင်မိဘူးလား၊ တွေးကြည့်ရင် လောကကြီးက ကြောက်စရာကြီးနော် ...... မိတ်ဆွေ အခုအတွက်၊ နောင်အတွက်၊ နောက်ဘ၀အတွက် ဘာများပြင်ဆင်ခဲ့ပြီး ပြီလဲ။ ကျွန်တော်တော့ တတ်နိုင်သလောက်ပြင်ဆင်နေပါပြီ။ မိတ်ဆွေတို့လည်း ပြင်ဆင်တော့နော်...........