အမျိုးကောင်းသားဘလော့အားဝင်ရောက်ကြည့်ရှု့သူများအားကြိုဆိုပါ၏


Extended Network Banners

Thursday, July 17, 2008

မိန်းမကောင်းလေးများဖြစ်စေဖို့ရန်


အမရာကိန္နရီ မဒ္ဒီသမ္ဘုလ တော်လေးဝဟုလောကတလွှား ဂေါတမဘုရား၏ဟောကြားခဲ့ပုံ အဖုံဖုံကိုစုံလင်စေ့ငု မျိုးသမီးထုတို့ဖတ်ရှုပါလေ လိုက်နာစေဖို့ဖွေရှာမပျက် ကလောင်လက်ဖြင့်တင်ဆက်ပါသည်ရွာပြည်ညာကြေ ရောက်ပါစေ။အမရာခေါ် မတ်မဟော်၏ကြင်ဖော်သက်ထား မိန်းမသားသည်ယောင်သွားဆံထုံး ပါမြဲထုံးမို့ရွှင်ပြုံးကြည်သာ လိုက်၍လာစဉ်မြို့ ပြင်ထိပ်စူး တံခါးမှုးအိမ်နေဦးသည်မှာ ခေတ္တပါဟုဆိုကာထွက်သွား လင်ယောက်ျားကိုမျှော်ငြားနေရှာ သည်ချိန်ခါ။လာပါချေပြီ မျှော်သူ့ဆီသို့လူရည်နုထွား အမျိုးသားတွေခံ့ညားပေစွ ဝတ်စားလှနှင့်အမရာ့ကို ချစ်စေလို၍ချွဲပိုစကား ပြောကာကြားတော့နားခါးလေရှာ အမရာကသူ့မှာလင်သား အပ်ချုပ်သမားရှိပြီးသားမို့ လက်မခံငြား။မဟောသဓာ မင်းအာဏာကြောင့်ရှောင်ကာသက်ဘေး ခွာထွက်ပြေးစဉ်အတွေးပျော်မြူး မတ်လေးဦးတို့အထူးပဏ္ဏာ ပို့ဆက်လာပြီးအမရာကို သိမ်းပိုက်လို၍မြှူချိုစကား ပြောပါငြားလည်းဖောက်ပြားမပါ အလိမ္မာနှင့်အိမ်သာထိုတွင်း ကျစေညှဉ်း၏။ဟိမဝန္တာ ငွေတောင်သာ၌ကိန္နရာကိန္နရီ ချစ်တေးသီကြူးလှည့်လည်မြူးစဉ် မင်းဘုရင်ကမြားတင်ပစ်ခတ် လင်ကိုသတ်၍ရည်မှတ်မှန်းထား သူ့မယားကိုမိဖုရားမြှောက်မည် ချစ်ကြိုးသီလည်းကိန္နရီမ လင်ကိုတ၍သတ်လိုသတ်ပစ် ပြန်မချစ်။ပြည်သူ့အာဏာ ပြင်းထန်စွာမို့ဝနာမြိုင်ဗွေ သွားရလေသည့်ဝေဿန္တရာ မင်းရာဇာအားမခွာယှဉ်နွှဲ တောတောင်ထဲတွင်သားရဲမမှု သစ်သီးစု၍ယုယလုပ်ကျွေး သူများပေးလည်းမနှေးသာကြည် လိုက်ပါမည်ဟုပါရမီပြုသည် မယ်မဒ္ဒီ။သောတ္ထိသေန နူနာရ၍တောဝမြိုင်မှာ သမ္ဘုလာကဖွေရှာသစ်သီး လုပ်ကျွေးပြီးသာနေထိုင်ပါစဉ် တာနောယက္ခသမ္ဘုလကို ပေါင်းရဖို့ရန်ဇွတ်ပင်ကြံလည်း ဖောက်ပြန်မရှိထိုသည့်ဖြစ်အင် သစ္စာဆင်ရာလင်မှာ ရောဂါ ကွာသတည်း။ထို့ကြောင့်ခေါ် ကြ တော်လေးဝအားတုပစေလို ပျို၊ အအိုတို့ကြည်ညိုစေရာ ကိုယ့်ဘာသာနှင့်ကြင်နာမခြား တိုင်းရင်းသားသာချစ်ခင်ပါဟု စာဆိုပြုသည်ယခုမကြာ လိုက်နာပါ။ ။စာရေးသူ၏ အကြံပြုချက်ကျွန်တော်၏ ဓမ္မမိတ်ဆွေများထဲမှ မြန်မာအမျိုးသ္မီးများ နှင့်အတူ သူငယ်ချင်းများပါ တော်လေးဝ ဝင်သော မိန်းမမြတ်များ အကြောင်းကို သိရှိနိုင်ကြပါစေ..ကျွန်တော်၏ ညီမငယ်များ၊ အစ်မများပါ တော်လေးဝ ဝင်သော မိန်းမမြတ်များ ဖြစ်နိုင်ကြစေရန် ရည်ရွယ်လျက်...

ဘုရားရှင်၏ ဖြစ်စဉ် အကျဉ်း

၁။ ဘုရင်သုဒ္ဓေါဒန (ဘုရားရှင်၏ ခမည်းတော်)
၂။ မဟာမာယာ (ဘုရားရှင်၏ မယ်တော်)
၃။ သိဒ္ဓတ္ထ (ဘုရားရှင်၏ ငယ်နာမည်)
၎။ ဂေါတမဘုရားရှင် (ဘုရားရှင်၏ ဘွဲ့နာမည်တော်)
၅။ မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့ (ဘီစီ-၆ ရာစု၊ သန္ဓေယူ)
၆။ မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်၊ သောကြာနေ့ (ဘီစီ-၆ ရာစု၊ မွေးဖွား)
၇။ လုမ္ဗိနီဥယျာဉ်၊ အိန္ဒိယနိုင်ငံ (ယနေ့ခေတ်-နီပေါနိုင်ငံ) (မွေးဖွားသည့်နေရာ)
၈။ ယသောဓရာ(ယသော်ဓရာ) (ဘုရားမဖြစ်မီ ဘုရားရှင်၏ ဇနီး)
၉။ ၁၆-နှစ် အရွယ် (လက်ထပ်သည့် အသက်အရွယ်)
၁၀။ ရာဟုလာ (ဘုရားမဖြစ်မီ ဘုရားရှင်၏ သားတော်)
၁၁။ ၂၉-နှစ် အရွယ် (ရဟန်းအဖြစ်ဖြင့် စတင် တရားရှာသည့် အရွယ်)
၁၂။ မဟာသက္ကရာဇ် ၉၇-ခု၊ ဝါဆိုလပြည့်၊ တနင်္လာနေ့ (တောထွက်သည့်နေ့)
၁၃။ ၆-နှစ်ကြာ (ဒုက္ကရစရိယ-ခက်ခဲသည့် အကျင့်တရား ရှာဖွေရင်း တရားအားထုတ်သည့် ကာလ)
၁၄။ မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ (ဘုရားဖြစ်သည့် နေ့)
၁၅။ ၃၅-နှစ် အရွယ်တွင် အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်၊ ဂယာမြို့ (ဗုဒ္ဓဂါယာ) (ဘုရားဖြစ်တော်မူ၏)
၁၆။ ဘုရားဖြစ်သည့် ဗောဓိပင် (ညောင်ဗုဒ္ဓဟေပင်)
၁၇။ မဟာသက္ကရာဇ် ၁၀၃-ခု၊ ဝါဆိုလပြည့်၊ စနေနေ့ (အိန္ဒိယနိုင်ငံ၊ ဗာရာဏသီတွင် ဓမ္မစင်္ကြာတရားကိုဟောတော်မူ၏)
၁၈။ တရားဦးနာရသူငါးဦး (အရှင်ကောဏ္ဍည၊ အရှင်ဓမ္မ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ၊ အရှင်အသာဇိ)
၁၉။ ၄၅-နှစ်အကြာ (လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့အား တရားဟောကြား၍ လောကအကျိုးဆောင်တော်မူ၏)
၂၀။ မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် (သက်တော်(၈၀) အရွယ်၌)
(အိန္ဒိယနိုင်ငံ ကုသိနာရုံမြို့ တွင် ပရိနိဗ္ဗာန်စံတော်မူ၏)
၂၁။ မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်ကျော်၊ (၁၂) ရက်၊ တနင်္ဂနွေနေ့တွင်
(ဘုရားရှင်၏ အလောင်းတော်ကို တေဇောဓာတ် သင့်လောင်တော်မူ၏)
၂၂။ ဒီပင်္ကရာဘုရားရှင် (ဘုရားစင်စစ် ဧကန်ဖြစ်မည်ဟု ဗျာဒိတ်စကား မွတ်ကြားသည့် ဘုရားရှင်)
၂၃။ လေးအသင်္ချေ နှင့် ကမ္ဘာတစ်သိန်း (ဘုရားဖြစ်ရန် ဖြည့်ကျင့်ရသော နှစ်အရေအတွက်)
၂၄။ ပညာဓိက ဘုရားရှင် (ပညာဓိက သဒ္ဒါဓိက ဝီရိယာဓိက ဘုရား သုံးမျိုးရှိ၏)
၂၅။ အရှင်သာရိပုတ္တရာထေရ် (ပညာအရာ ဧတဒဂ်ရ၊ လက်ျာတော်ရံ အဂ္ဂသာဝက)
၂၆။ အရှင်မဟာမောဂ္ဂလန်ထေရ် (တန်ခိုးအရာ ဧတဒဂ်ရ၊ လက်ဝဲတော်ရံ အဂ္ဂသာဝက)
၂၇။ အရှင်ခေမာထေရ် (ပညာအရာ ဧတဒဂ်ရ၊ လက်ျာတော်ရံ အမျိုးသမီး အဂ္ဂသာဝိကာ)
၂၈။ အရှင်ဥပ္ပလဝဏ်ထေရ် (တန်ခိုးအရာ ဧတဒဂ်ရ၊ လက်ဝဲတော်ရံ အဂ္ဂသာဝိကာ)
၂၉။ အရှင်အာနန္ဒာထေရ် (ဥပဌာက - အနီးကပ်ပြုစုလုပ်ကျွေးသူ၊ ဘုရားရှင်နှင့် ညီဝမ်းကွဲတော်၏)
၃၀။ ဘုရားရှင် နှင့် စပ်လျဉ်း၍ အရေးကြီးသော (၇) နေ့
(မ- သိ - ကြ - လျင် - တွေး - ဆ- ဦး ------ ဗုဒ္ဓ နေ့မြတ်ထူး )
(သန် - ဖွား - တော - ပွင့် - စက် - စု - သင့် --------- ရှင်ပင့် နေ့မြတ်ထူး )
အဓိပ္ပာယ်မှာ ---
မ = ကြာသပတေး ၊ သိ = သောကြာ၊ ကြ = တနင်္လာ၊ လျင် = ဗုဒ္ဓဟူး၊ တွေး = စနေ၊ ဆ = အင်္ဂါ၊ ဦး = တနင်္ဂနွေနေ့

ဘလော့ရေးသူ၏အမှာစာ


ကျွန်တော်ဘလော့ကို ၀င်ရောက်ဖက်ရှု့တဲ့ ဘလော့မိတ်ဆွေများကို
တစ်ခု အကူအညီတောင်းချင်တာကတော့။ ကျွန်တော်ရေးခဲ့တဲ့ ဘလော့တွေ မှာပါတဲ့ စာသားလေးတွေ၊ကျွန်တော်သိတဲ့အသိလေးနည်းနည်းနဲ့ ရေးထားတဲ့အကြောင်းအရာလေးတွေကို ဘလော့မိတ်ဆွေတို့က ဆက်လက်စကားနဲ့ဖြစ်စေ၊ ဘလော့နဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေဖြန့်ဝေပေးမယ်ဆိုရင် ကျန်တော်ကဘလော့မိတ်ဆွေတို့အားလုံးကိုကျေးဇူးတင်ရှိနေမှာပါ။ ထိုနည်းတူစွာကျွန်တော်ကိုသတိပေးစရာ၊ သင်ကြားပေးစရာလေးများရှိရင်လည်း ကျွန်တော် ဘလော့ရဲ့ C-Box မှ တစ်ဆင့် massage ချန်ခဲ့ပြီး
မှာကြားနိုင်ပါသည်။ သင်ကြားနိုင်ပါသည်။ ကျွန်တော်မည်သူထံတွင်မဆို တပည်အဖြစ်ခံယူရန် ၀န်မလေး တတ်ပါ။ ဆက်လက်ကြိုးစားနေလျှက် ဘလော့ရေးယူ။