အမျိုးကောင်းသားဘလော့အားဝင်ရောက်ကြည့်ရှု့သူများအားကြိုဆိုပါ၏


Extended Network Banners

Thursday, July 17, 2008

မိန်းမကောင်းလေးများဖြစ်စေဖို့ရန်


အမရာကိန္နရီ မဒ္ဒီသမ္ဘုလ တော်လေးဝဟုလောကတလွှား ဂေါတမဘုရား၏ဟောကြားခဲ့ပုံ အဖုံဖုံကိုစုံလင်စေ့ငု မျိုးသမီးထုတို့ဖတ်ရှုပါလေ လိုက်နာစေဖို့ဖွေရှာမပျက် ကလောင်လက်ဖြင့်တင်ဆက်ပါသည်ရွာပြည်ညာကြေ ရောက်ပါစေ။အမရာခေါ် မတ်မဟော်၏ကြင်ဖော်သက်ထား မိန်းမသားသည်ယောင်သွားဆံထုံး ပါမြဲထုံးမို့ရွှင်ပြုံးကြည်သာ လိုက်၍လာစဉ်မြို့ ပြင်ထိပ်စူး တံခါးမှုးအိမ်နေဦးသည်မှာ ခေတ္တပါဟုဆိုကာထွက်သွား လင်ယောက်ျားကိုမျှော်ငြားနေရှာ သည်ချိန်ခါ။လာပါချေပြီ မျှော်သူ့ဆီသို့လူရည်နုထွား အမျိုးသားတွေခံ့ညားပေစွ ဝတ်စားလှနှင့်အမရာ့ကို ချစ်စေလို၍ချွဲပိုစကား ပြောကာကြားတော့နားခါးလေရှာ အမရာကသူ့မှာလင်သား အပ်ချုပ်သမားရှိပြီးသားမို့ လက်မခံငြား။မဟောသဓာ မင်းအာဏာကြောင့်ရှောင်ကာသက်ဘေး ခွာထွက်ပြေးစဉ်အတွေးပျော်မြူး မတ်လေးဦးတို့အထူးပဏ္ဏာ ပို့ဆက်လာပြီးအမရာကို သိမ်းပိုက်လို၍မြှူချိုစကား ပြောပါငြားလည်းဖောက်ပြားမပါ အလိမ္မာနှင့်အိမ်သာထိုတွင်း ကျစေညှဉ်း၏။ဟိမဝန္တာ ငွေတောင်သာ၌ကိန္နရာကိန္နရီ ချစ်တေးသီကြူးလှည့်လည်မြူးစဉ် မင်းဘုရင်ကမြားတင်ပစ်ခတ် လင်ကိုသတ်၍ရည်မှတ်မှန်းထား သူ့မယားကိုမိဖုရားမြှောက်မည် ချစ်ကြိုးသီလည်းကိန္နရီမ လင်ကိုတ၍သတ်လိုသတ်ပစ် ပြန်မချစ်။ပြည်သူ့အာဏာ ပြင်းထန်စွာမို့ဝနာမြိုင်ဗွေ သွားရလေသည့်ဝေဿန္တရာ မင်းရာဇာအားမခွာယှဉ်နွှဲ တောတောင်ထဲတွင်သားရဲမမှု သစ်သီးစု၍ယုယလုပ်ကျွေး သူများပေးလည်းမနှေးသာကြည် လိုက်ပါမည်ဟုပါရမီပြုသည် မယ်မဒ္ဒီ။သောတ္ထိသေန နူနာရ၍တောဝမြိုင်မှာ သမ္ဘုလာကဖွေရှာသစ်သီး လုပ်ကျွေးပြီးသာနေထိုင်ပါစဉ် တာနောယက္ခသမ္ဘုလကို ပေါင်းရဖို့ရန်ဇွတ်ပင်ကြံလည်း ဖောက်ပြန်မရှိထိုသည့်ဖြစ်အင် သစ္စာဆင်ရာလင်မှာ ရောဂါ ကွာသတည်း။ထို့ကြောင့်ခေါ် ကြ တော်လေးဝအားတုပစေလို ပျို၊ အအိုတို့ကြည်ညိုစေရာ ကိုယ့်ဘာသာနှင့်ကြင်နာမခြား တိုင်းရင်းသားသာချစ်ခင်ပါဟု စာဆိုပြုသည်ယခုမကြာ လိုက်နာပါ။ ။စာရေးသူ၏ အကြံပြုချက်ကျွန်တော်၏ ဓမ္မမိတ်ဆွေများထဲမှ မြန်မာအမျိုးသ္မီးများ နှင့်အတူ သူငယ်ချင်းများပါ တော်လေးဝ ဝင်သော မိန်းမမြတ်များ အကြောင်းကို သိရှိနိုင်ကြပါစေ..ကျွန်တော်၏ ညီမငယ်များ၊ အစ်မများပါ တော်လေးဝ ဝင်သော မိန်းမမြတ်များ ဖြစ်နိုင်ကြစေရန် ရည်ရွယ်လျက်...

ဘုရားရှင်၏ ဖြစ်စဉ် အကျဉ်း

၁။ ဘုရင်သုဒ္ဓေါဒန (ဘုရားရှင်၏ ခမည်းတော်)
၂။ မဟာမာယာ (ဘုရားရှင်၏ မယ်တော်)
၃။ သိဒ္ဓတ္ထ (ဘုရားရှင်၏ ငယ်နာမည်)
၎။ ဂေါတမဘုရားရှင် (ဘုရားရှင်၏ ဘွဲ့နာမည်တော်)
၅။ မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့ (ဘီစီ-၆ ရာစု၊ သန္ဓေယူ)
၆။ မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်၊ သောကြာနေ့ (ဘီစီ-၆ ရာစု၊ မွေးဖွား)
၇။ လုမ္ဗိနီဥယျာဉ်၊ အိန္ဒိယနိုင်ငံ (ယနေ့ခေတ်-နီပေါနိုင်ငံ) (မွေးဖွားသည့်နေရာ)
၈။ ယသောဓရာ(ယသော်ဓရာ) (ဘုရားမဖြစ်မီ ဘုရားရှင်၏ ဇနီး)
၉။ ၁၆-နှစ် အရွယ် (လက်ထပ်သည့် အသက်အရွယ်)
၁၀။ ရာဟုလာ (ဘုရားမဖြစ်မီ ဘုရားရှင်၏ သားတော်)
၁၁။ ၂၉-နှစ် အရွယ် (ရဟန်းအဖြစ်ဖြင့် စတင် တရားရှာသည့် အရွယ်)
၁၂။ မဟာသက္ကရာဇ် ၉၇-ခု၊ ဝါဆိုလပြည့်၊ တနင်္လာနေ့ (တောထွက်သည့်နေ့)
၁၃။ ၆-နှစ်ကြာ (ဒုက္ကရစရိယ-ခက်ခဲသည့် အကျင့်တရား ရှာဖွေရင်း တရားအားထုတ်သည့် ကာလ)
၁၄။ မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ (ဘုရားဖြစ်သည့် နေ့)
၁၅။ ၃၅-နှစ် အရွယ်တွင် အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်၊ ဂယာမြို့ (ဗုဒ္ဓဂါယာ) (ဘုရားဖြစ်တော်မူ၏)
၁၆။ ဘုရားဖြစ်သည့် ဗောဓိပင် (ညောင်ဗုဒ္ဓဟေပင်)
၁၇။ မဟာသက္ကရာဇ် ၁၀၃-ခု၊ ဝါဆိုလပြည့်၊ စနေနေ့ (အိန္ဒိယနိုင်ငံ၊ ဗာရာဏသီတွင် ဓမ္မစင်္ကြာတရားကိုဟောတော်မူ၏)
၁၈။ တရားဦးနာရသူငါးဦး (အရှင်ကောဏ္ဍည၊ အရှင်ဓမ္မ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ၊ အရှင်အသာဇိ)
၁၉။ ၄၅-နှစ်အကြာ (လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့အား တရားဟောကြား၍ လောကအကျိုးဆောင်တော်မူ၏)
၂၀။ မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် (သက်တော်(၈၀) အရွယ်၌)
(အိန္ဒိယနိုင်ငံ ကုသိနာရုံမြို့ တွင် ပရိနိဗ္ဗာန်စံတော်မူ၏)
၂၁။ မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်ကျော်၊ (၁၂) ရက်၊ တနင်္ဂနွေနေ့တွင်
(ဘုရားရှင်၏ အလောင်းတော်ကို တေဇောဓာတ် သင့်လောင်တော်မူ၏)
၂၂။ ဒီပင်္ကရာဘုရားရှင် (ဘုရားစင်စစ် ဧကန်ဖြစ်မည်ဟု ဗျာဒိတ်စကား မွတ်ကြားသည့် ဘုရားရှင်)
၂၃။ လေးအသင်္ချေ နှင့် ကမ္ဘာတစ်သိန်း (ဘုရားဖြစ်ရန် ဖြည့်ကျင့်ရသော နှစ်အရေအတွက်)
၂၄။ ပညာဓိက ဘုရားရှင် (ပညာဓိက သဒ္ဒါဓိက ဝီရိယာဓိက ဘုရား သုံးမျိုးရှိ၏)
၂၅။ အရှင်သာရိပုတ္တရာထေရ် (ပညာအရာ ဧတဒဂ်ရ၊ လက်ျာတော်ရံ အဂ္ဂသာဝက)
၂၆။ အရှင်မဟာမောဂ္ဂလန်ထေရ် (တန်ခိုးအရာ ဧတဒဂ်ရ၊ လက်ဝဲတော်ရံ အဂ္ဂသာဝက)
၂၇။ အရှင်ခေမာထေရ် (ပညာအရာ ဧတဒဂ်ရ၊ လက်ျာတော်ရံ အမျိုးသမီး အဂ္ဂသာဝိကာ)
၂၈။ အရှင်ဥပ္ပလဝဏ်ထေရ် (တန်ခိုးအရာ ဧတဒဂ်ရ၊ လက်ဝဲတော်ရံ အဂ္ဂသာဝိကာ)
၂၉။ အရှင်အာနန္ဒာထေရ် (ဥပဌာက - အနီးကပ်ပြုစုလုပ်ကျွေးသူ၊ ဘုရားရှင်နှင့် ညီဝမ်းကွဲတော်၏)
၃၀။ ဘုရားရှင် နှင့် စပ်လျဉ်း၍ အရေးကြီးသော (၇) နေ့
(မ- သိ - ကြ - လျင် - တွေး - ဆ- ဦး ------ ဗုဒ္ဓ နေ့မြတ်ထူး )
(သန် - ဖွား - တော - ပွင့် - စက် - စု - သင့် --------- ရှင်ပင့် နေ့မြတ်ထူး )
အဓိပ္ပာယ်မှာ ---
မ = ကြာသပတေး ၊ သိ = သောကြာ၊ ကြ = တနင်္လာ၊ လျင် = ဗုဒ္ဓဟူး၊ တွေး = စနေ၊ ဆ = အင်္ဂါ၊ ဦး = တနင်္ဂနွေနေ့

ဘလော့ရေးသူ၏အမှာစာ


ကျွန်တော်ဘလော့ကို ၀င်ရောက်ဖက်ရှု့တဲ့ ဘလော့မိတ်ဆွေများကို
တစ်ခု အကူအညီတောင်းချင်တာကတော့။ ကျွန်တော်ရေးခဲ့တဲ့ ဘလော့တွေ မှာပါတဲ့ စာသားလေးတွေ၊ကျွန်တော်သိတဲ့အသိလေးနည်းနည်းနဲ့ ရေးထားတဲ့အကြောင်းအရာလေးတွေကို ဘလော့မိတ်ဆွေတို့က ဆက်လက်စကားနဲ့ဖြစ်စေ၊ ဘလော့နဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေဖြန့်ဝေပေးမယ်ဆိုရင် ကျန်တော်ကဘလော့မိတ်ဆွေတို့အားလုံးကိုကျေးဇူးတင်ရှိနေမှာပါ။ ထိုနည်းတူစွာကျွန်တော်ကိုသတိပေးစရာ၊ သင်ကြားပေးစရာလေးများရှိရင်လည်း ကျွန်တော် ဘလော့ရဲ့ C-Box မှ တစ်ဆင့် massage ချန်ခဲ့ပြီး
မှာကြားနိုင်ပါသည်။ သင်ကြားနိုင်ပါသည်။ ကျွန်တော်မည်သူထံတွင်မဆို တပည်အဖြစ်ခံယူရန် ၀န်မလေး တတ်ပါ။ ဆက်လက်ကြိုးစားနေလျှက် ဘလော့ရေးယူ။

Monday, July 14, 2008

မြန်မာ့အလှပုံရိပ်


ရွှေတိဂုံစေတီတော်ကိုကမ္ဘာ့နိုင်ငံအသီးသီး ကစိတ် ၀င်စားကြတဲ့ အရာတွေပေါ့ဗျာ၊ ဒါတွေဟာ ကျွန်တော် တို့ရဲ့အဖိုးမဖြတ်နိုင်သော မြန်မာဂုဏ်ကိုဆောင်စေတဲ့ “မြန်မာအလှပုံရိပ်စစ်“ တွေမဟုတ် လား ဗျာ၊ မြန်မာ ရေမြန်မာမြေမှာ မွေးဖွားလာတဲ့ ကျွန်တော်တို့လို အမျိုးသားကောင်းတွေဟာ မြန်မာယဉ်ကျေးမှု မြန်မာ အလှစစ်တရား များကို ထိန်းသိမ်းကြရမယ် မဟုတ်လားဗျာ၊ မိတ်ဆွေတို့လည်း စောင့်ရှောက်ကြပေါ့၊ ကျွန်တော် ဘလော့လေးဖတ်ပြီးရင် ကျွန်တော်ကို အမှန်တိုင်းဝေဖန်ပေးကြပါနော်၊ ဒါမှ ကျွန်တော်မသိတဲ့ အမှားလေတွေ ကို ပြင်ဆင်နိုင်မှာမဟုတ်လား။ ၀င် ရောက်ကြည့်ရှုသော မိတ်ဆွေများအား ထာဝရ ကျေးဇူတင်နေသော ကျွန်တော်............


Sunday, July 13, 2008

နှလုံးသားကိုဆူးခတ်ထားသော်...


လူရယ်လို့ဖြစ်လာသော် ချစ်ခြင်း၊ ကြိုက်ခြင်း၊ နှစ်သက်ခြင်း၊ တပ်မက်ခြင်း၊ မြတ်နိုးခြင်းစသော အာရုံငါးပါးကို မလွှဲမသွေ အရွယ်သုံးပါးစလုံးခံစားကြရပေမည်။
အရွယ်ရောက်ပြီးသော ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ မိမိတို့ ချစ်ခင် နှစ်သက်သောသူကို ချစ်ခင်နှစ်သက်သည့် အပြောအဆို၊ အမူအယာ၊ အရေးသားများနှင့် ထုတ်ဖော်တတ်ရပေမည်။ ထို့မှသာ သင်တို့၏ နှလုံးသားရေးရာ တွင်ချစ်ခင်၊ ကြိုက်၊ မုန်းစသည့် ဝေဒနာများကို မခံစားကြရမည်ဖြစ်ပေသည်။ မိတ်ဆွေတို့သည် နှလုံးသားရေးရာတွင် နှလုံးသားကို ဆူးနှင့် ခတ်ထားသကဲ့သို့ နေရာတကာတွင် ထိန်းချုပ်ထားပါက တစ်ဖက်ပါပုံကဲ့သို့ပင် မိတ်ဆွေတို့ နှလုံးသားဝေဒနာကို ကောင်းစွာခံစားကြရပေမည်။ ထိုသို့သော အခြင်းအရာကို မိတ်ဆွေတို့ ကျော်လွှားနိုင်ကြပါစေ...............ဒါမှသာလူလောကအလယ်တွင် လူဖြစ်ရကျိုးနပ် တော့ပေမည်။ လောကအလယ်ရှိ အပျိုကြီး၊ လူပျိုကြီးများသည် နှလုံးသားကို ဆူးခတ် ခြင်းခံထားရသူများဖြစ်သောကြောင့်.......အများအားဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်ခြင်း၊ ယင်းတို့ပြောဆိုသည့် စကားများသည် ဘုကျခြင်းများဖြစ်နေတတ်ကြသည်။ မိတ်ဆွေတို့တွေ့ဖူးကောင်းတွေ့ဖူးကြပေမည်။ ယင်းသို့မဖြစ်အောင် မိတ်ဆွေတို့ ပွင့်လင်းစွာ ရင်ဖွင့်ပြောဆိုခြင်းဖြစ် မိတ်ဆွေတို့၏ နှလုံးသားရေးရာများတွင် အောင်မြင်ကြပါစေ...........

ZOOLOGICAL GARDEN (NAYPYITAW)

ZOOLOGICAL GARDEN (NAYPYITAW)
ကျွန်တော်တို့ ရုံးပိတ်ရက်တစ်ရက်မှာ နေပြည်တော်ရှိ ZOOLOGICAL GARDEN ကိုရောက်ခဲ့ကြပါတယ်။ ဆိုင်ကယ်နှစ်စီးနဲ့ ကျွန်တော်တို့ အဖွဲ့ သွားခဲ့ကြတာ ပျော်စရာတွေအများကြီးပါ။ ဒါပေမဲ့အဲ့ဒီနေ့က နေပူတော့ နည်းနည်းတော့ ခရီးပန်းတာပေါ့ဗျာ၊ ရန်ကုန်က ZOOLOGICAL GARDEလိုတော့မဟုတ်ဘူးဗျ အရာရာကိုသဘာဝတိုင်းမြင်စေချင်တဲ့ သဘောလား မသိဘူး၊ZOOလေးတွေ ကိုသဘာဝအတိုင်းမြင်ရ တော့၊ တကယ်တောကြီးထဲ ရောက်နေတဲ့အတိုင်း ပေါ့ဗျာ၊ ZOO လေးတွေလဲစုံတဲ့ ဗျ၊ ပင်ဂွင်းလေးတွေကို Aircom Room နဲ့ စီမံပြီးထားထားတာဆိုတဲ့ ပင်ဂွင်း လေးတွေလဲ ပျော်နေကြတော့ပေါ့ဗျာ၊ ဒါပေမဲ့ လမ်းလျှောက် သွားရင် မသက်သာဘူးနော်၊ ခင်ဗျားတို့ရောက်ခဲ့ ရင်ကားလေးနဲ့သွားကြ၊ 2500 ဆိုတဲ့ကားနဲ့ 5000 ဆိုတဲ့ကားနှစ်မျိုးရှိတယ် ဒါကစင်းလုံးငှားတဲ့ဈေးကိုပြော တာနော်၊ အများနဲ့စီးရင်တော့ (1) ယောက် 200 ပဲကျပါတယ်၊ လူတိုင်းအဆင်ပြေအောင်လုပ်ထားတဲ့သဘော ပေါ့ဗျာ၊ ဒါပေမဲ့ သွားရင်တော့ဝေးတယ်၊ ဆိုင်ကယ်တို့ကားတို့နဲ့ဆိုရင်တော့အဆင်ပြေတာပေါ့ဗျာ၊ တင်ထားတဲ့ Photo လေးက ZOOLOGICAL GARDEN ကိုသွားခဲ့ကြတော့ကျွန်တော်တို့ အလုပ်တူညီအစ်ကိုတွေပေါ့ဗျာ၊ ခင်ဗျားတို့လည်းရောက်ဖူးတဲ့ ရှိအောင် နေပြည်တော်ကို ရောက်ရင် သွားဖြစ်အောင်သွားလိုက်ကြနော်......



Friday, July 11, 2008

မွေးရပ်သို့အလွမ်း


ကျွန်တော်အလုပ်တွေ နံနက် (4)နာရီမှာအကုန်ပျက်သွားတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော် အိမ်ပြန်ချင်တဲ့စိတ်နဲ့ဒီစာလေးကိုရေးဖြစ်တာပါ။ ကျွန်တော် မွေးတဲ့ဌာ နေလူအများသိတဲ့ Roongonပါလူအနည်းသိတဲ့ Rangon ပေါ့ဗျာ၊ လူတိုင်း ဘယ်နေရာ၊ ဘယ်ဒေသ၊ဘယ်တိုင်းပြည်ကြီးကို ရောက်စေကာမူ ကိုယ်မွေး ရပ်ဌာနေအရပ်ကိုလွမ်းဆွတ်ကြစမြဲမို့ကျွန်တော်လဲကျွန်တော်မွေးရပ်ကို လွမ်းပါတယ်။ ကျွန်တော်လို ခဏတာ မွေးရပ်ကို ခွဲခွာပြီး အလုပ်လုပ်ကိုင်ရတဲ့သူတောင် မွေးရပ်ကို လွမ်းတယ် ဆိုရင် ရေ မြေ ရပ်ခြားကကျွန်တော်သူငယ်ချင်းများ၊ ရပ်ဝေးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆွေမျိုး မိတ်သင်္ဂဟ အပေါင်းအသင်း၊ သူငယ်ချင်း၊ မိတ်ဆွေများ အဖို့ဘယ်လိုခံစားကြရမယ် ဆိုတာ ကျွန်တော် နားလည်ပါတယ်။ဒီလိုခံစားရတယ်အချိန်မှာလူတိုင်းရင်ဖွင့် ချင်ကြမှာအဲဒီလိုအချိန်မှာ ကျွန်တော်လို ရင်ဖွင့် လိုက်ကြပေါ့ဗျာ။လူတိုင်းမှာခံစားချက်ကိုယ်စီရှိကြမှာပါ။သို့သော် အကြောင်းအမျိုးမျိုးကြောင့် မိမိခံစားချက်ကို မထုတ်ဖော်နိုင်ကြပါဘူး၊ ခံစားချက်တွေကို ထုတ်ဖော်ချင် ကြတယ်၊ မိမိစိတ်အစဉ်မှာဖြစ်ပေါ် နေတဲ့ ခံစားမှု မျိုးစုံတို့ကို ကျွန်တော်လို့ထုတ်ဖော်လိုက်မယ်ဆို ကျွန်တော်ဘလော့ကို ၀င်ကြည့်ရှုတဲ့မိတ်ဆွေတို့ရဲ့ ခံစားချက်တွေ သက်သာလာပါလိမ့်မယ်။ ဒါကျွန်တော် ကိုယ်တွေ့ပါ။ လူတစ်ယောက်နဲ့ တစ်ယောက်တူချင်မှ တူနိုင်မယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါကြောင့် ဒီလိုရင်ဖွင့်နည်းနဲ့စမ်းကြည့်ကြပါစို့...........အခုလိုရေးပြီးတဲ့ အခါမှာ သင်နေသာထိုင်သာရှိသွားမယ်လို့ ထင်ပါတယ်......

လူတစ်ယောက်၏ရပ်တည်မှု



လူတိုင်းဟာ မိမိတို့ပါဘ၀မှာ ကောင်းမွန်တဲ့ ရည်မှန်းချက် ပန်းတိုင် ဆိုတာရှိကြစမြဲပါ၊ဒါပေမဲ့အလုပ်လုပ်ကိုင်နေ တဲ့ပေါ်မှာ အားထည့်တဲ့ အချက်လေးတွေ၊ အာရုံစူးစိုက်မှုလေးတွေ၊ စောက်ချလုပ်ကိုင်ခြင်း စတဲ့အချက်တွေပေါ် မှာမူတည်ပြီး နှစ်ကာလကြာလာသည်နှင့်အမျှ ရပ်တည်မှုတွေ ကွာခြားလာကြပါတယ်။ အချိန်တွေကို အလား ကားနေရင်းဖြုန်းနေမယ်ဆိုရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး၊ အချိန်ရှိခိုက်လုံးလစိုက်ဆိုတဲ့ စကားဟာ အလကားနေရင်းဖြစ်လာတဲ့စကားမဟုတ်ပါဘူး၊ အချိန်ရှိတဲ့အခိုက်၊ အရွယ်ရှိတဲ့အခိုက်၊ လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်မှာ အပြင်းအထန်ကြိုးစားမှသာလျှင် လူတစ်ယောက်ရဲ့ရပ်တည်မှုဟာ ဘ၀တစ်လျှောက်မှာကောင်းမွန် လာမှာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ရပ်တည်မှု ဆိုတဲ့ ကျွန်တော် ဘလော့ကို မိတ်ဆွေတို့ ဖတ်ပြီးတဲ့အခါမှာ ငါကတော့ငါဘ၀ကို ဘယ်လိုရပ်တည်နေလဲဆိုတာ သတိထားမိမယ်လို့ထင်မိပါတယ်။ အဲ့ဒီအချိန်မှာ စတင်ပြီး ပြုပြင်ရင် အရာရာမှာကြိုးစားရင် မအောင်မြင်ဘူးဆိုတာမရှိနိုင်ပါဘူး၊ ကြိုးစားမှုရဲ့ရလာဒ် တစ်စိပ်တစ်ဒေသ ကိုတော့ခံစားရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော့အားလို့အလကားလျှောက်ရေးနေတာမဟုတ်ပါ ဘူး။ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေကို အခြေခံပြီးရေးနေတာပါ။ ကျွန်တော်ရေးတဲ့စာတွေထဲမှာ အမှားပါ ကောင်းပါပါလိမ့်မယ် အချိန်ရမယ်ဆိုရင် မိတ်ဆွေ ဝေဖန်ခဲ့ပါ။ ဒါမှသာကျွန်တော်လည်း ပြင်နိုင်မှာပေါ့။ သင်စရာရှိလည်းသင်ပေးခဲ့ပါ။ ကျွန်တော်မည်ထံတွင်မဆို တပည့်ခံဖို့ ၀န်မလေးတတ်ပါ။ ကျွန်တော်ရေးချင် တာတွေအများကြီးပါ အချိန်ရတိုင်းကျွန်တော်ရေးနေအုံးမှာပါ။ လူတွေ၊ ငါ သူ တစ်ပါး ယောက်ျား မိန်းမ အားလုံး ပေါ့ဗျာ၊ ကြာလာသည်နှင့် အမျှ ဒေါသ၊ မောဟ၊ လောဘ၊ အမိုက်အမှာင်တို့ ဒီဘက်ခေတ်နောက်ပိုင်းမှာ ပိုများ လာတယ်လို့ကျွန်တော်ထင်တယ်ဗျာ၊ မိတ်ဆွေတို့ကောမထင်မိဘူးလား၊ တွေးကြည့်ရင် လောကကြီးက ကြောက်စရာကြီးနော် ...... မိတ်ဆွေ အခုအတွက်၊ နောင်အတွက်၊ နောက်ဘ၀အတွက် ဘာများပြင်ဆင်ခဲ့ပြီး ပြီလဲ။ ကျွန်တော်တော့ တတ်နိုင်သလောက်ပြင်ဆင်နေပါပြီ။ မိတ်ဆွေတို့လည်း ပြင်ဆင်တော့နော်...........

Thursday, July 10, 2008

အားကစားနှင့် စိတ်


မိတ်ဆွေတို့ကျွန်တော်ဘလော့ကိုဝင်ရောက်ဖတ်ရှု့ကြတဲ့အချိန်မှ အားကစားနဲ့စိတ် ဆိုတဲ့ခေါင်းစဉ်လေးကို ဖတ်မိကြမှာ၊ အဲ့ဒီလို့ဖတ်ရှုနေတဲ့ မိတ်ဆွေတို့ကို ကျွန်တော်တိုက်တွန်းချင်တာကတော့ ကျွန်တော်တို့လို ကွန်ပျူတာ ကိုအချိန်ပြည့် နီးပါးထိုင်သုံးနေရတဲ့ မိတ်ဆွေတို့ကို အားကစား တစ်ခုခုကိုပြုလုပ်ကြဖို့ တိုက်တွန်း လို့ပါတယ်။ ဘာအားကစားလုပ်ရမှန်း မသိရင်တော့။ အလွယ်ဆုံးအားကစား တစ်ခုဖြစ်တဲ့။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း စသည်အားကစားနည်းများ ကိုပြုလုပ်ကြပေါ့ဗျာ။အဲဒီလမ်းလျှောက်ခြင်း ပြေးခြင်းဆိုတဲ့ အားကစားရဲ့ ရလာင်္ဒအကျိုးကျေးဇူးကအများကြီးဗျ၊ ဒီအားကစားကို ကိုယ်တိုင်လုပ်ကြည့်ခြင်းရရှိလာတဲ့အကျိုးကျေှးဇူး တွေကို မိတ်ဆွေတို့ခံစားရရင်ပဲ ကျွန်တော် ကျေနပ်လှပါပြီ။ ကျွန်တော် ဘလော့ကို ဖတ်ရှု့ကျတဲ့ မိတ်ဆွေတို့အား လေးနက်စွာတိုက်တွန်းခြင်းဖြစ်ပါသည်။ မိတ်ဆွေတို့ရဲ့တန်ဖိုးရှိလှတဲ့အချိန်တွေထဲက တစ်နေ့က နာရီဝက်၊ (1) ရီလောက် ပြုလုပ်ကြဖို့ တိုက်တွန်း ပါတယ် ဗျာ-----

Saturday, July 5, 2008

ပျင်းစရာဒေသနှင့် ကာလ

ကျွန်တော်အတွက်ဒီဒေသဟာသွားစရာနည်းပါးပြီး ပျင်းစရာအကောင်းဆုံးဒေသပဲ ဖြစ်ပါတယ်။ လူတိုင်း ပျော်ရွှင်စရာလေးတွေအနည်းနဲ့အများရှိကျပါတယ် ဒီနေရာ၊ ဒီဒေသ ကတော့ ပျော်ရွှင်စရာ အနည်းဆုံး နဲ့စာရေးစာဖတ်လို့အကောင်းဆုံး နေရာလို့ပြောလို့ရပါတယ်။ငယ်သူငယ်ချင်းတွေမိဘတွေ ချစ်တဲ့ သူတွေနဲ့ ဝေးကွာနေရပေမယ့် အလုပ် တွေနဲ့ပျော်နေရတဲ့ကာလလို့ပြောလို့ရပါတယ်။ လူရယ်လို့ဖြစ်လာရင်လုပ်ချင်တဲ့ အရာ၊လိုချင်တဲ့အရာ တွေ အများကြီးပေါ့။ ကျွန်တော်ကတော့ ဘလော့မှာ စရေးနေရရင်ပျော်ပါတယ်။ Internetလည်း အသုံး ပြုချိန် အများဆုံးရတယ် အချိန်ပေါ့။ဒါပေမဲ့နေလို့ထိုင်လို့ မကောင်း ဘူးဗျာ၊အိပ်ကတာ အဆင်မပြေသလို စားရတာလဲစိတ်တိုင်း မကျဘူး၊ ကိုယ့်အိမ်လို မဟုတ်လို့ နေမှာပါ။ ဒါပေမဲ့ရှာကျန်ပြီ ပျော်ပျော်နေရတာပေါ့ဗျာ။ ကျွန်တော်ဒီပျင်းစရာ ကောင်းတဲ့ ဒေသနှင့်ကာလ ကိုမကြာခင်ကျော်လွှားနိုင်တော့မှာပါ။ ဒါကြောင့် ကျွန်တော်ပျော်အောင်နေပါတယ်၊ ဒီဒေသမှာရောက် ရှိနေတဲ့ မိတ်ဆွေများအားလုံး ပျော်ရွင်ကြပါစေ............